စစ်ကိုင်း တိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက်လူသတ် PDF များက ပြည်ခိုင်ဖြိုးပါတီကို အားပေးထောက်ခံသူနေအိမ်ကို ဓားပြတိုက် သတ်ဖြတ်၊ အကြမ်းဖက်သင်တန်းများကို အဆက်မပြတ်ပို့ချ

ဇွန် ၁၉     ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ကျေးသီးအုပ် စု၊ စင်းတဝဲ(န)ကျေးရွာနေ ဦးကျော်ရွှေ၊ ၆၀ နှစ်၊(ဘ)ဦးညိုအေးသည် ညီမ ၂ ဦးနှင့်အတူ နေအိမ်တွင်ရှိနေစဥ် အကြမ်းဖက်လူသတ် PDF အဖွဲ့များက နေအိမ်ဝင်ရောက်ကာ အိမ်ရှိရွှေနှင့်ငွေများကို ဓားပြတိုက် ယူဆောင်သွားပြီး ဦးကျော်ရွှေ ကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးကျော်ရွှေ မှာ နေရာတွင်သေဆုံးသွားခဲ့ကြောင်း၊ဦးကျော်ရွှေ မှာ ပြည်ခိုင်ဖြိုးပါတီကို အားပေးထောက်ခံသူဖြစ်ကြောင်း သိရပါသည်။       ယမန်နေ့က ဝက်လက်မြို့နယ်၊ယင်းမာကန်ကျေးရွာစာသင်ကျောင်းဝန်းအတွင်းတွင် အကြမ်းဖက် PDFနှင့် KIAအဖွဲ့မှ ကျား ၃၅ ဦးမ ၅ ဦးတို့က လာရောက်ပြီး အကြမ်းဖက်သင်တန်းပို့ချခဲ့ရာ သင်တန်းသား၃၀၀ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ ညပိုင်းတွင် ဖွတ်လိူင်းကျေးရွာ စာသင် ကျောင်းနှင့် ဆေးပေးခန်းတို့တွင် အကြမ်းဖက်သင်တန်းပို့ချပေးခဲ့ကြောင်း၊ ယင်းမကန်အုပ်စုအတွင်းရှိ မုဆိုးခြုံဘူတာကျေးရွာစာသင်ကျောင်းတွင်လည်း ကျေးရွာပေါင်းစုံမှ အကြမ်းဖက်များကို သင်တန်းပို့ချနေကြောင်းသတင်းရရှိပါသည်။ #PAN