သံဖြူဇရပ်မြို့နယ်အတွင်းမော်လမြိုင်-ရေးသွားကားလမ်းမကြီးပေါ်၌ အကြမ်းဖက်သောင်းကျန်း သူများက ခရီးသွားမော်တော်ယာဥ်များကို တားဆီးစစ်ဆေးမှုများပြုလုပ်

ဇွန် ၁၈      ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မွန်ပြည် နယ်၊သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာအနီး သံဖြူဇရပ်-ရေးသွားကားလမ်းမပေါ် ၌ အကြမ်း ဖက်အဖွဲ့ ခေါင်းဆောင် စိစစ်ဆဲ အင်အား ၁၅ ဦးခန့်သည် ယူနီ ဖောင်းဝတ် လက်နက်ကိုယ်စီကိုင်ဆောင်၍ မော်လမြိုင်-ရေး သွားကားလမ်းမကြီး ပေါ်၌ သွားလာလျက်ရှိသည့် ခရီးသွားမော်တော် ယာဉ်များကို တားဆီးပြီး ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။      အလားတူ နံနက် ၉ နာရီအချိန်ခန့်တွင်လည်း အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် စိစစ်ဆဲအင်အား ၃၀ ဦးခန့် သည် သံဖြူဇရပ်မြို့နယ်၊ကုန်းမြင့်သာယာကျေးရွာနှင့် ကလိန်ပဒေါကျေးရွာကြား  တွင်လည်းကောင်း၊ အကြမ်းဖက်အဖွဲ့ ခေါင်း ဆောင်စိစစ်ဆဲ အင်အား ၃၀ ဦးခန့်သည် ရေးမြို့နယ်၊လမိုင်းမြို့၊အောင်သာယာကျေးရွာ အနီးတွင်လည်ကောင်း၊ မော်လမြိုင်-ရေးသွားကားလမ်းမကြီးပေါ်၌ သွားလာလျက်ရှိသည့် မော် တော်ယာဉ်များကို ရပ်တန့်၍ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ဌာနဆိုင်ရာဝန်ထမ်းများပါရှိမှုမရှိ  စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။     အကြမ်းဖက်သောင်းကျန်းသူများက ယင်းကဲ့သို့ လက်နက်အားကိုးဖြင့် ခရီးသွားမော်တော်ယာဥ်များကို ရပ်တန့်စစ်ဆေးမှုများကို ပြုလုပ်နေခြင်းကို ခရီးသွားပြည်သူများမှာ စိုးရိမ်ကြောက်လန့်မှုများဖြစ်ပေါ်နေရကြောင်း၊ မော်လမြိုင်-ရေးသွားကားလမ်းမကြီးကို လုံခြုံမှုရှိအောင် အမြန်ဆောင်ရွက်ပေးစေလိုကြောင်း သတင်းပေးပို့လာပါသည်။ #PAN