ရွှေကူမြို့နယ်ရှိ အောက်လေးလမ်းဆုံ စုပေါင်းဂိတ်ရှိ တပ်မတော်နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့ကိုအကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များက လာရောက်တိုက်ခိုက်

ဇွန် ၁၈

       ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်
ရှိ အောက်လေးလမ်းဆုံ စုပေါင်းဂိတ်ရှိ တပ်မတော်နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့ကိုအကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့များက ယနေ့ နံနက် ၆ နာရီအချိန်ခန့် တွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့သဖြင့် မီးနစ်၂၀ ခန့် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

    လာရောက်ပစ်ခတ်သော အကြမ်းဖက်သောင်းကျန်းသူများတွင် ဆိတ်သာကျေးရွာမှ NLD ပါတီဝင် PDF သင်တန်းဆင်း ကျေးရွာကာကွယ်ရေးခေါင်းဆောင် ကျော်အောင်ပါဝင်ကြောင်းသိရှိရပြီး ရွှေကူမြို့နယ်မှ ဆိတ်သာ၊ တောင်ချောင်၊သာစည်၊ညောင်ကုန်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ကသာမြို့နယ်မှ သာယာကုန်း၊ စကားကုန်းကျေးရွာများမှ PDFများပါဝင်ကြောင်းကြားသိရပါသည်။

      ၎င်း တိုက်ပွဲတွင် တပ်မတော်နှင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ထိခိုက်ဒဏ်ရာရ၊သေဆုံးမှုမရှိကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့ဖက်မှ ထိခိုက်ဒဏ်ရာရအခြေအနေ မသိရှိရသေးကြောင်း သတင်းရရှိပါသည်။

#PAN