ညောင်ဦးမြို့နယ်၊စဥ့်ကူကျေးရွာနှင့်တက်မကျေးရွာချင်းဆက်လမ်းပေါ်တွင် လူသတ်အကြမ်းဖက် PDF အမျိုးသားနှစ်ဦး လမ်းဘေးမိုင်းထောင်စဥ် ပေါက်ကွဲ သေဆုံး

ဇွန် ၁၈

       ယနေ့ နံနက် ၇ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊မြေနီကျေးရွာအုပ်စု၊တက်ယာကုန်းကျေးရွာအနီး၊ စဥ့်ကူကျေးရွာနှင့်တက်မကျေးရွာချင်းဆက် လမ်းလယ်တွင် လူသတ်အကြမ်းဖက် PDF အမျိုးသားနှစ်ဦး လမ်းဘေးမိုင်းထောင်စဥ် ပေါက်ကွဲကာ သေဆုံးခဲ့ကြောင်း သိရပါသည်။

     ”ပေါက်ကွဲသံကြားရလို့ လုံခြုံရေးတာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့တဲ့အခါ အသက် ၅၀ နှစ်ခန့်၊အင်္ကျီ ဝါ/နီ ကွက်ဝတ်လျက် အမျိုးသားတစ်ဦးမှာ မျက်နှာစုတ်ပြဲဒဏ်ရာ၊ဝဲ-ခြေကျင်းဝတ် စုတ်ပြတ်ဒဏ်ရာ၊ယာ-ခြေသလုံး ဖောက်ဝင်ဒဏ်ရာ၊ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာများနဲ့ ပက်လက်အနေအထားနဲ့ သေဆုံး​ေ တယ်၊ အဲဒီနေရာနဲ့ ၁၅ပေခန့်အကွာ လမ်းရဲ့ ဝဲဘက် ခြုံပုတ်အနီးမှာ အသက် ၄၀ နှစ်ကျော်ခန့် အင်္ကျီအဖြူစင်းဝတ်လျက် အမျိုးသားတစ်ဦးကတော့ ဝဲ-လက်မောင်း ပြတ်ထွက်ဒဏ်ရာ၊ဒူး အောက်ပိုင်းပြတ်ထွက်ဒဏ်ရာ၊နဖူးပေါက်ပြဲဒဏ်ရာ၊ဝဲ-မျက်လုံး ပေါက်ထွက်ဒဏ်ရာ၊နှာခေါင်းစုတ်ပြဲဒဏ်ရာ၊ဝဲ/ယာ ရင်ဘတ် စုတ်ပြဲ၊ဝမ်းဗိုက်ပေါက်ထွက်ဒဏ်ရာ၊ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာများနဲ့ သေဆုံးနေတာကို တွေရပါတယ်” လို့ သွားရောက်စစ်ဆေးခဲ့တဲ့ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောပြခဲ့ပါသည်။

      ပတ်ဝန်းကျင်အား ရှာဖွေရှင်းလင်းခဲ့ရာ မိုင်းပေါက်ကွဲသည့်ခြုံပုတ်အနီးမှ အင်္ဂလိပ်ဂဏာန်း ၁ မှ၁၂ထိပါသည့် ရီမု ၁ လုံး၊ ၎င်း ရီမုအနီးမှ Panasonic အားသွင်းဓါတ်ခဲအနီရောင် ၁လုံးတို့အားတွေ့ရှိခဲ့ပြီး စုံစမ်းမှုများအရ သေဆုံးသူများမှာ အင်္ကျီ ဝါ/နီကြား ဝတ်ဆင်ထားသူမှာ ကျော်မိုး၊၅၀နှစ်ခန့်၊(ဘ)ဦးစိန်သော် ဖြစ်ပြီး အင်္ကျီအဖြူစင်းဝတ်ဆင်ထားသူမှာ ရဲမြင့်ဆွေ၊၄၄နှစ်ခန့်၊(ဘ) ဦးခင်ဝင်း၊တောင်လက်ရပ်၊စဥ့်ကူအုပ်စု၊ညောင်ဦးမြို့နယ်နေသူတို့ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN