အောင်လံမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးအမှု့ဆောင်နှင့် အုပ်ချုပ်ရေးမှူး တစ်ဦးကို PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့ သတ်ဖြတ်ခဲ့

ဇွန် ၁၇

      ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊အောင်လံခရိုင်၊အောင်လံမြို့နယ် ရွှေပန်းတောအခြေစိုက် အင်းလယ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးသည် ရွှေပန်းတောကျေးရွာမှ အင်းလည်ကျေးရွာသို့ဆိုင်ကယ်ဖြင့်အပြန် အရပ်အခေါ် ပေါက်ပင်ကွင်းနေရာတွင် PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့က ဓားဖြင့်ခုတ်၊ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

    ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးမြင့်ဦးသည် သေနတ်ဒဏ်ရာ ၂ ချက်၊ ဓါးဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ အခင်းနေရာအနီးမှ ၉ မမ ကျည်ဆံ နှစ်တောင့်နှင့် ကျည်ခွံ ၃ ခု တွေ့ရှိခဲ့ရကြောင်း၊ လမ်းသွားလမ်းလာများမှတွေ့ရှိသဖြင့် နယ်မြေခံ လုံခြုံရေးအဖွဲ့သို့ သတင်းပေးပို့ခဲ့ကြောင်း၊ ဦးမြင့်ဦးမှာ ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကျေးအမှု့ဆောင် တစ်ဦးဖြစ် ကြောင်း သတင်းရရှိပါသည်။

      PDF အမည်ခံလူသတ်အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက်တွေ့တွင် အရပ်ဖက်ပစ်မှတ်များကိုသာ နည်းမျိုးစုံဖြင့် တိုက်ခိုက်နေကြကြောင်း၊ ”ငါနဲ့မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ​ပြည်ခိုင်ဖြိုးပါတီဝင်များ၊ဝန်းရံသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လက်နက်အားကိုးဖြင့် ယခုလို ပစ်မှတ်ထားသတ်ဖြတ်နေကြောင်း သိရပါသည်။

#PAN