အမေရိကန်နျူကလီးယား ရေငုပ်သင်္ဘော တောင်ကိုရီးယားသို့ ရောက်ရှိ

ဇွန် ၁၇

      မကြာသေးမီက မြောက်ကိုရီးယား၏  ဒုံးကျည်စမ်းသပ်မှုများ ပြန်လည်စတင်ခြင်းနှင့် နျူကလီးယားအစီအစဉ်ကို မြှင့်တင်ခြင်းအတွက် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းသည် ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းသို့ သောကြာနေ့က ရောက်ရှိလာခဲ့သည်။

       Tomahawk ဒုံးကျည် ၁၅၀ ခန့် သယ်ဆောင်နိုင်သော USS Michigan သည် ကိုရီးယားကျွန်း ဆွယ်တွင် အမေရိကန်၏ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုများကို ပုံမှန်မြင်နိုင်စေရန် ရည်ရွယ်သည့် နှစ်နိုင်ငံသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက အတည်ပြုခဲ့သည်။

#PAN