အင်းတော်မြို့နယ်၊မော်လူးတိုက်နယ်တွင်အကြမ်းဖက် PDF များ၏ ခြိမ်းခြောက်မှုကြောင့်ကျောင်းများမဖွင့်နိုင်ဘဲ ဆင်းရဲနွမ်းပါးသည့် ကလေးများ ကျောင်းမတက်နိုင်၍ အခက်အခဲဖြစ်နေကြောင်း ဒေသခံပြည်သူများက သတင်းပေးပို့ အကူအညီတောင်းခံ

ဇွန် ၁၇

     စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်အတွင်းရှိ မော်လူးတိုက်နယ်သည် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ် နယ်စပ်မှာရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ ရွာ၏ ၃ပုံ ၃ပုံမှာ NLD ထောက်ခံသူများနေကြပြီး ကျန်းမာရေးဝန်ထမ်း အကုန်လုံးနီးပါးနှင့် ပညာရေးဝန်ထမ်း သုံးပုံတစ်ပုံမှာ CDM လုပ်ထားသော ရွာဖြစ်ပါတယ်။

       ရွာမှာ Covid- 19 ကပ်ရောဂါဖြစ်ပွားက တည်းက ပိတ်ထားသော အထက်တန်းကျောင်းမှာ ယခုအချိန်ထိ မဖွင့်နိုင်သေးကြောင်း၊ကျောင်း အုပ်ကြီးက ကျောင်းဖွင့်ဖို့ ကြိုးစားတိုင်း ကျောင်း အုပ်ကြီးအိမ်ကို ခြိမ်းခြောက်စာပို့ကြောင်း၊ ရွာမှာရှိသော စစ်မှုထမ်းဟောင်း ၁ ဦးနှင့် ပြည်ခိုင်ဖြိုးပါတီဝင် ၂ ဦးအထ အသတ်ခံထားရကြောင်း သိရှိရပါတယ်။

    ယမန်နှစ်ကတည်းက မော်လူးရွာနှင့် ကပ်လျက်ရွာများဖြစ်သော ဟင်းနုရွာနှင့် ညောင်ပင်သာရွာကျောင်းများမှာ NUG ကျောင်းများ ဖွင့်ထားကြောင်း၊ ယခု စာသင်နှစ်တွင် ငွေကြေးတတ်နိုင်သည့် ကလေးမိဘများက မိုးညှင်း၊ မန္တလေးစသည်တို့မှာ ကျောင်းသွားထားကြပေမဲ့ ငွေကြေး
မတတ်နိုင်တဲ့ ကလေးမိဘများက ရွာမှာပဲ တစ်နှစ်နောက်ကျနေရတဲ့ အခြေအနေဖြစ်နေကြောင်း၊ ရွာထဲတွင်လည်း လူသတ်အကြမ်းဖက် PDF များကပေါ်ပေါ်ထင်ထင်သွားလာလှုပ်ရှားနေကြတဲ့ အခြေအနေမျိုးဖြစ်နေ၍ မကြိုက်​သော်လည်း အခြေအနေကြည့်ပြီးနေ နေရကြောင်း၊ ရွာတွင် ရဲစခန်းရှိသော်လည်း ရဲတွေကဘဲ PDF နဲ့ပေါင်းနေသလား၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား မသိရတဲ့အခြေအနေမျိုးဖြစ်ကြောင်း၊ ရဲအများစုကလည်း ရွာနဲ့ဆွေမကင်းမျိုးမကင်းတွေဖြစ်ပြီး သူတို့မျိုးနွယ်ထဲကပဲ CDM နဲ့ PDF ထောက်ခံသူတွေများ နေလို့ ရဲကိုလည်း မယုံ ကြည်ရတော့​ကြောင်း၊ တပ်ကလည်း စစ်ကြောင်းဖြတ်တဲ့အချိန်ပဲရွာကိုဝင်လာတတ်လို့ တပ်လာရင် PDF ကပြေး တပ် ပြန်မှသူတို့က ပြန်ဝင်လာကြောင်း၊ ရွာမှ မျက်နှာဖုံးတော်တော်များများက PDF Supporter တွေဖြစ်နေကြလို့ သူတို့ကအေးအေးဆေးဆေး နေနိူင်ကြောင်း၊ ယခင်က ရွာမှာ USDPပါတီဝင်တွေရှိပေမယ့် ခုတော့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အရင်က မော်လူးရွာနှင့်ကပ်လျှက် ဟင်းနုရွာအနီး ဘုရားဖြူတောင်ကုန်းတွင် တပ်မတော်က တပ်စခန်းရှိခဲ့ပေမဲ့ ယခု မရှိတော့တဲ့အတွက် မော်လူးတိုက်နယ် အုပ်စုက အုပ်ချုပ်ရေးလွတ်သလိုဖြစ်နေကြောင်း ၊ အဓိက ကကျောင်းဆက်တိုက် မတက်နိုင်တဲ့ ဆင်းရဲနွမ်းပါးတဲ့ ရွာကကလေးများ အတွက် အကူအညီတောင်းခံလိုပါကြောင်း စသည်ဖြင့် ဒေသခံပြည်သူများက သတင်းပေးပို့ အကူအညီတောင်းခံလာပါတယ်။

#PAN