မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက္ကံတွင် UTA ဒန်အရည်ကြိုလုပ်ငန်း၌ ဘလောက်တုံးများ အပူလွန်ကဲ၍ ပေါက်ကွဲမှုဖြစ်ပွား

ဇွန် ၁၇

      ယနေ့ နံနက် ၁၁ နာရီ ၂၀ မီးနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက္ကံ၊ မြို့သစ်ရပ်ကွက်၊မက္ခရာမင်းသားကြီးလမ်း၊အမှတ် (၂၃၂/ဃ) ရှိ UTA ဒန်အရည်ကြိုလုပ်ငန်းတွင်  ပိုင်ရှင် ဦးသန်းအေးဦးစီး၍ အလုပ်သမား ၆ ဦးဖြင့် လုပ်ကိုင်လျက်ရှိရာ ဘီယာဗူးခွံများအား ဖိ၍ ပြုလုပ်ထားသည့် ဘလောက်တုံးများအား အရည်ကြိုစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ပေါက်ကွဲမှုကြောင့် အလုပ်သမား အောင်ရွှေဦး၊၂၈ နှစ်၊(ဘ)ဦးအေးမင်း ၏ ခန္ဓာကိုယ်တွင် အပူလောင်ဒဏ်ရာများ (စိုးရိမ်)ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ အောင်ရွှေဦး အား မြောက်ဥက္ကလပဆေးရုံသို့ ပို့ဆောင်ဆေးကုသလျက်ရှိကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားရခြင်းမှာ ဘလောက်တုံးများ အပူလွန်ကဲ၍ ပေါက်ကွဲခြင်း ဖြစ်နိုင်ကြောင်း သတင်းရရှိပါသည်။

#PAN