ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာယာရပ်ကွက်၊မြဝတီမင်းကြီးလမ်းပေါ်တွင် အမျိုးသမီးတစ်ဦးကို လုယက်မှုပြုလုပ်စဥ် အော်ဟစ်အကူအညီတောင်းခံခဲ့ရာ သေနတ်ဖြင့်ပစ်ခတ်သွား

ဇွန် ၁၆

     ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာယာရပ်ကွက်၊မြဝတီမင်းကြီးလမ်း၊မန္တလေး-လားရှိုး သံလမ်းဘေးတွင် ဒေါ်ခင်မာလာ၊၅၀နှစ်၊(ဘ)ဦးဘိုလေး၊အိမ်ခြံမြေပွဲစား၊ပြည်တော်သာရပ်ကွက်၊ချမ်းမြသာစည်မြို့နယ်နေသူသည် Scoopy အနက်ရောင်၊ဆိုင်ကယ် ယာဥ်အမှတ် MDY-74W/74725 ဖြင့် မြဝတီမင်းကြီးလမ်းအတိုင်း အရှေ့မှအနောက်သို့စီးနင်းလာစဥ် အခင်းဖြစ်နေရာအရောက်၌ မျက်နှာချင်းဆိုင် မြဝတီမင်းကြီးလမ်းအတိုင်း အနောက်မှအရှေ့သို့ CZI ဆိုင်ကယ်ဖြင့် စီးနင်းလာသော အမျိုးသား ၃ဦးက ဆိုင်ကယ်အား လုယက်သဖြင့် ဒေါ်ခင်မာလာမှ အော်ဟစ်အကူအညီတောင်းခံခဲ့ရာ လုယက်သူ အမျိုးသား ၃ဦးအနက် အမျိုးသား ၁ဦးက သေနတ်(အတို)ဖြင့် ၁ချက် ပစ်ခတ်ပြီး မြဝတီမင်းကြီးလမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်ခင်မာလာတွင် ဝဲ-ပုခုံး ဖောက်ထွက်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သတင်းရရှိပါသည်။

      NLD ပါတီ၏ လက်ဝေခံ NUG အမည်ခံ ပြည်ပြေးအုပ်စုက လက်ရှိ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းဖြင့် တိုင်းဖျက်ပြည်ဆူစီမံချက်ကို ဖော်ဆောင်နေခြင်းကြောင့် ၎င်းတို့၏ အကြမ်းဖက် PDF များ၏ လုပ်နည်းအတိုင်း ရောင်တော်ပြန် မသမာသူများက လုပ်ဆောင်ပြီး ယခုလိုပြည်သူ လူထုကို အကြမ်းဖက်လုယူခြင်းများ ပြုလုပ်လာကြကြောင်း သိရှိရပါသည်။

#PAN