နွားထိုးကြီးမြို့နယ်၊သာယာကုန်းကျေးရွာ၊ အမကကျောင်း၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများကို ကျောင်းမဖွင့်ရန်နှင့် CDM ပြုလုပ်ရန် ခြိမ်း ခြောက်ပြောဆို

ဇွန် ၁၆

         ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊သာယာကုန်းကျေးရွာ၊သာယာကုန်း အမကကျောင်း၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်မာဌေးနှင့်ဒေါ်အိအိဖြိုး(လ/ထမူပြ)၊ဒေါ်သန္တာဆွေ(လ/ထမူပြ)၊ဒေါ်တင်တင်(ဒု-မူပြ)တို့ ၄ဦးရှိနေစဥ် လူသတ်အကြမ်းဖက် PDF ၆ ဦး၊ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်မာဌေးနှင့်ဆရာမများအား ကျောင်းမဖွင့်ရန်နှင့် CDM ပြုလုပ်ရန် ခြိမ်း ခြောက်ပြောဆိုကာ ပြန်ထွက်သွားကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်မာဌေးက နွားထိုးကြီးမြို့နယ်၊မြို့နယ်ပညာရေးမှုးထံသို့ ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း သိရပါသည်။

      အဆိုပါ သာယာကုန်း အမကကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်မာဌေးပါ ဆရာမ ၄ ဦးရှိပြီး၊ကျောင်းသား/ ကျောင်းသူ ၅၂ ဦးတို့ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း၊တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင်များက ကျောင်းဆရာမများ လုံခြုံရေးနှင့်ကျောင်းသား/ ကျောင်းသူများ လုံခြုံရေးအတွက် လှည့်ကင်း/ ပတ်ကင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN