နွားထိုးကြီးမြို့နယ်၊နွားထိုးကြီး-မလှိုင်သွား ကားလမ်းပေါ်တွင် အပြစ်မဲ့ပြည်သူ နှစ်ဦးကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇွန် ၁၆

      ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊နွားထိုးကြီးမြို့နယ်၊မကျည်းကန်ကျေးရွာအနီး နွားထိုးကြီး-မလှိုင်သွား ကားလမ်း ၊မကျည်းကန်လမ်းဆုံတွင် ဦးမောင်ညို၊၆၉နှစ်၊(ဘ)ဦးချစ်ပို၊ရပ်မိ/ရပ်ဖ၊သုံးတောင်ကျေးရွာ၊ မလှိုင်မြို့နယ်နေသူ၊ ဦးဌေးလှိုင်၊ ၅၅ နှစ်၊ (ဘ)ဦးပြေကျော်၊ရာအိမ်မှူး၊ သုံးတောင်ကျေးရွာ၊ မလှိုင်မြို့နယ်နေသူတို့ကို လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။

   ထိုသို့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဦးမောင်ညို တွင် ယာဘက်လက်မောင်း ဖောက်ဝင်/ ဖောက် ထွက် ဒဏ်ရာ ၁ ချက်၊ ယာဘက်ပါးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းကြေမွဒဏ်ရာတို့ဖြင့်လည်းကောင်း၊ ဦးဌေးလှိုင် တွင် ဦးခေါင်းယာဘက်ဂျိုစောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် လည်းကောင်း နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

       ဖြစ်စဉ်မှာ သေဆုံးသူ ဦးမောင်ညိုနှင့် ဦးဌေးလှိုင်တို့အပါအဝင် ၈ ဦးခန့်သည် မလှိုင်မြို့နယ်၊ သုံးတောင်ကျေးရွာမှ ထော်လာဂျီဖြင့် မကျီးကန်ကျေးရွာသို့ မင်္ဂလာကိစ္စလာရောက်စကားပြောရန် လာရောက်စဉ် အခင်းဖြစ်နေရာအရောက်တွင် အကြမ်းဖက်သမား ၈ ဦးခန့်မှ ထော်လာဂျီအားရပ်တန့်၍ ဆင်းခိုင်းကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး နွားထိုးကြီး-မလှိုင်လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။

#PAN