တမူးမြို့နယ်၊ပန်းသာရွာရှိ နယ်မြေ လုံခြုံရေးအဖွဲ့နှင့် ပြည်သူ့စစ်များကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက အင်အားအသာစီးဖြင့် လာရောက်တိုက်ခိုက်

ဇွန် ၁၆

      စစ်ကိုင်းဒေသကြီး၊ တမူးမြို့နယ်၊ပန်းသာရွာရှိ လုံခြုံရေးအဖွဲ့နှင့် ပြည်သူ့စစ်များကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက အင်အားအသာစီးဖြင့် ယမန်နေ့ နံနက် ၅ နာရီအချိန်မှစတင် တိုက်ခိုက်ခဲ့ပြီး နယ်မြေလုံခြုံရေးအဖွဲ့နှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီအချိန်တွင် အကြမ်းဖက်များ ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း သိရပါသည်။

     တိုက်ပွဲတွင် လုံခြုံရေးအဖွဲ့နှင့် ပြည်သူ့စစ်များဖက်မှ စစ်သည်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး
ပြည်သူ့စစ်တစ်ဦးကျဆုံးကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူ PDF များက အရှေ့ဘက်နှင့်
တောင်ဘက်ရှိအိမ် ၁၀ လုံးခန့်မီးရှို့ခဲ့ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ PDF များတွင် ထိခိုက်ဒဏ်ရာရရှိသူ ၂ ခန့်ရှိကြောင်း သတင်းရရှိပါသည်။

     ယနေ့ နံနက် ၈ နာရီအချိန်တွင် အကြမ်းဖက်သောင်းကျန်းသူ PDF များက ရွာတောင်ဘက်မှ ဝင်ရောက်လာပြီး ယခု သတင်းရေးသာအချိန်ထိ ထပ်မံတိုက်ခိုက်နေကြောင်းနှင့် ယနေ့ညတွင် ယင်းမာပင်မြို့အား တိုက်ခိုက်မည်ဖြစ်ကြောင်း အကြမ်းဖက် PDF အတွင်းသတင်းများအရ သိရှိရပါသည်။

#PAN