“Donnie Creek တောမီးလောင်ကျွမ်းမှုကြီးသည် British Columbia ဒေသတွင် အကြီးမားဆုံး မီးလောင်ကျွမ်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့”

ဇွန် ၁၅

ကနေဒါနိုင်ငံ၏ အနောက်မြောက်ဘက်ပိုင်းရှိYukonဒေသ နှင့် British Columbiaဒေသ မြောက်ပိုင်းပြည်နယ်တို့ကို ဆက်သွယ်ပေးထားသည့် အဝေးပြေးလမ်းမကြီး၏ တောင်ဘက်ပိုင်းရှိ တောအုပ်ကြီးများကို ဖြတ်ကျော် လောင်ကျွမ်းနေသော တောမီးများသည် ပိုမိုအားကောင်း လာနေကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ယနေ့ ဇွန်လ ၁၅ရက်နေ့တွင် ပြောဆိုထားကြပါတယ်။

British Columbiaဒေသအတွင်းရှိ Donnie Creek တောမီးလောင်ကျွမ်းမှုကြီးသည် အဆိုပါ ဒေသ၏ တောမီးလောင်ကျွမ်းမှုများတွင် အကြီးမားဆုံး တောမီးလောင်းကျွမ်းမှုကြီးဖြစ်ခဲ့ပြီး လောင်ကျွမ်းမှု အရွယ်အစားမှာ ပြီးခဲ့သည့် ဇွန်လ ၁၂ရက်နေ့က ၄၆၅၉.၅၅ စတုန်းရန်းကီလိုမီတာ အကျယ်ထိ လောင်ကျွမ်းခဲ့တာလည်းဖြစ်ပါတယ်။

Donnie Creek တောမီးလောင်ကျွမ်းမှု သည် ယခုအခါ British Columbia ဒေသ၏ သမိုင်းတွင် အကြီးဆုံး တော မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ခဲ့ပြီး မီးသတ်ရဟတ်ယာဉ်များ နှင့် မီးသတ်ဝန်ထမ်း များစွာတို့က အဆိုပါတောမီးကို ငြိမ်းသတ်နိုင်ရန် ကြိုးစား နေကြရပါတယ်လို့ သတင်းဌာနများ ကဖော်ပြ ပြောဆိုထားကြပါတယ်။