“ရုရှား – ယူကရိန်း စစ်ပွဲများအတွက် အာဖရိက ငြိမ်းချမ်းရေး ကိုယ်စားလှယ်များကို ရုရှား စိန့်ပီတာစဘတ်မြို့ တွင် ကြိုဆိုတွေ့ဆုံ မှုများပြုလုပ် သွားမည်”

ဇွန် ၁၅

ရုရှားနိိုင်ငံ၏ သမ္မတ ဗလာဒီမာပူတင်က အာဖရိက နိုင်ငံ၏ ရုရှား – ယူကရိန်း ငြိမ်းချမ်းရေး အတွက် ပဏာမ ရွေးချယ်ထားသော ကိုယ်စားလှယ် အဖွဲ့အား လာမည့် ဇွန် ၁၇ ရက်နေ့တွင် ရုရှားနိုင်ငံအတွင်း ကြိုဆိုပွဲ ပြုလုပ်သွားဖွယ် ရှိနေပါတယ်။

ရုရှားနိုင်ငံသမ္မတ နှင့် အာဖရိကနိုင်ငံ ၇ နိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များပါဝင်မည့် တွေ့ဆုံဆွေးနွေးပွဲကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း Kremlin(ရုရှား)၏ တာဝန်ရှိသူ Yury Ushakov က ​ပြီးခဲ့သည့် ဇွန်လ ၁၄ရက်နေ့တွင် ပြောကြား ခဲ့တာဖြစ်ပါတယ်။

အဆိုပါ အာဖရိကကိုယ်စားလှယ်အဖွဲ့မှ ကိုယ်စားလှယ်တော်များ သည် ရုရှားနိုင်ငံသို့ မသွားရောက်မီ လာမည့် ဇွန် ၁၆ ရက်တွင် Kiev(ယူကရိန်း) ၌ ယူကရိန်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမှာဖြစ်တယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုနေကြပါတယ်။