ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ရီးယဲလ်မက်ဒရစ် ခေါ်ယူ


ဇွန် ၁၅
အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဘယ်လင်ဟမ်၏ အပြောင်းအရွှေ့အတွက် ဒေါ့မွန်အသင်းနှင့် သဘောတူညီမှု ရရှိခဲ့ပြီး (၆)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်းက အတည်ပြုကြေညာခဲ့ပါတယ်။
အသက် ၁၉ နှစ်ရှိ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ အသက် ၁၆ နှစ်ကတည်းက ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
ဘယ်လင်ဟမ်ဟာ မိုဒရစ်၊ တိုနီခရူးစ်၊ ကာမာဗင်ဂါ၊ ချူအာမန်နီ၊ ဗယ်ဗာဒီနဲ့ ဆီဘယ်ယော့တို့ ရှိနေတဲ့ မက်ဒရစ်ကွင်းလယ်မှာ နေရာတစ်နေရာရဖို့ အပြိုင်အဆိုင် ကြိုးပမ်းသွားရဖို့ ရှိပါတယ်။
Photos : Real Madrid