“ထိုင်ဝမ် အတွင်းရှိ အမေရိကန်နိုင်ငံသားများကို ရွှေ့ပြောင်းရေး အစီအစဥ်များ အရှိန်မြှင့်တင်နေ”

ဇွန် ၁၄

ထိုင်ဝမ်နိုင်ငံ၏အခြေအနေသည် တရုတ်နိုင်ငံ နှင့် ပဋိပက္ခများ ဖြစ်ပွားလာနိုင်သောကြောင့် ထိုင်ဝမ် ဒေသအတွင်းရှိ အမေရိကန် နိုင်ငံသား များကို ရွှေ့ပြောင်းခြင်းမပြုရန် ၎င်းတို့၏ မူဝါဒကို ပြန်လည်သုံးသပ်ခြင်းကို အာမခံချက်မပေးနိုင် ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ John Kirby က ပြီးခဲ့သည့် ဇွန်လ ၁၂ရက် တနင်္လာနေ့တွင် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

တရုတ် – ထိုင်ဝမ် နှစ်နိုင်ငံခြားဖြစ်ပေါ်လာနိုင်သော ပဋိပက္ခ အခြေအနေမျိုးများတွင် ထိုင်ဝမ်နိုင်ငံအတွင်း နေထိုင်နေကြသော အမေရိကန် နိုင်ငံသားများအတွက် အမေရိကန် အစိုးရက ရွှေ့ပြောင်းရေး အစီအစဥ်များ ရေးဆွဲနေတာဖြစ်လို့ အမည်မသိ သတင်းရင်းမြစ် ၃ခုကို ကိုကားပြီး Messenger သတင်း ဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြရေသားထားတာဖြစ်ပါတယ်။

ထို့နောက် အဆိုပါ သတင်းဌာနက အမေရိကန် အကြီးတန်း ထောက်လှမ်း ရေးအရာရှိတစ်ဦး သည် ထိုင်ဝမ် နိုင်ငံအတွင်းရှိ အမေရိကန် နိုင်ငံသားများကို ရွှေ့ပြောင်းရေး အစီအစဥ်များ ကို အနည်းဆုံး ၆လ အချိန်ယူပြီး အစီအစဥ် ရေးဆွဲထားကြောင်း နှင့် ပြီးခဲ့သည့် ၂လအတွင်း“ ရွှေ့ပြောင်းရေး အစီအစဥ် များ အရှိန်ပြင်းလာ” ကြောင်း ​ပြောဆိုထားပါတယ်လို့ အဆိုပါ သတင်းဌာန၏ ၀ဘ်ဆိုက်တွင် ဖော်ပြထား ပါသေးတယ်။