ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇) တပ်ကို အကြမ်းဖက်သောင်းကျန်းသူ KTLA နှင့် PDF ပူးပေါင်းအဖွဲ့များက ၆၀ မမ စိန်ပြောင်းဖြင့်ပစ်ခတ်၊ ဘုန်းတော်ကြီးတစ်ပါးထိမှန် ဒဏ်ရာရ

မေ ၁၄

   ကရင်ပြည်နယ်၊ကော့ကရိတ်မြို့အခြေစိုက် ခလရ(၉၇) တပ်ကို အကြမ်းဖက်သောင်းကျန်းသူ
KTLA နှင့် PDF ပူးပေါင်းအဖွဲ့များသည် ယနေ့ ညနေ ၅ နာရီ ၄ မီးနစ်တွင် တစ်ကြိမ်၊ ၅ နာရီ ၆ မီးနစ်တွင် တစ်ကြိမ် ၆၀မမစိန်ပြောင်းဖြင့် ၂လုံးပစ်ခတ်ခဲ့ရာ အဆိုပါ တပ်ရင်းအနားသို့ကျရောက်ခဲ့ပါသည်။

    နယ်မြေခံတပ်မှ အကြမ်းဖက်သောင်းကျန်းသူ
KTLA နှင့် PDF ပူးပေါင်းအဖွဲ့များကို လက်နက် ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ညနေ ၅ နာရီ ၃၅ မီးနစ်အချိန်တွင် အကြမ်းဖက်သောင်း ကျန်းသူများသည် အဆိုပါ တပ်သို့ ၆၀ မမ နောက်ထပ် ၁ လုံးပစ်ခတ်ခဲ့ရာ ခလရ(၉၇) တပ်  အထွက်ရှိ (လိုင်းစျေး) နားမရောက်ခင် ဇောတိကရာမဘုန်းကြီးကျောင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့​ကြောင်း၊ ထိုသို့ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ဘုန်တော်ကြီးတစ်ပါးကို လက်နက်ကြီးအစ ထိမှန်ပြီး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိရပါသည်။

#PAN