ဇေယျာသီရိမြို့နယ်၊ခေတ်အေးကျေးရွာ ရန်ကုန်- မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၂၃၈/ ၄ နှင့် ၂၃၈/၅ တွင် ၂၂ ဘီး ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးသစ်ပင် ဝင်တိုက်

ဇွန် ၁၃

     ယနေ့ မွန်းလွဲ ၁ နာရီ ၄၀ မီးနစ်အချိန် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာအုပ်စု၊ ခေတ်အေးကျေးရွာ ရန်ကုန်- မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၂၃၈/ ၄ နှင့် ၂၃၈/၅  နီလာရိုးမဆီပန့်ရှေ့ တပ်ကုန်းဘက်မှပျဉ်းမနားဘက်သို့မောင်းနှင်လာသော ယာဉ်အမှတ် 9R -6862 FUSO ၂၂ ဘီး ယာဉ်ကိုယာဉ်မောင်း ဇော်မင်းသိန်း (ဘ)အောင်ရွှေ၊ မှတ်ပုံတင်အမှတ် ၉/ ကဘလ(နိုင်)၁၄၀၉၅၉ ၊သည်မောင်းနှင်လာစဉ် လမ်းယာဘက်ရှိ သစ်ပင်ကို အရှိန်မထိန်း နိုင်ပဲဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရပါသည်ာ

    ထိုသို့ ဝင်ရောက်တိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဇော်မင်းသိန်း မှာ ဘယ်ဘက်လက်တစ်ဖက်ပြတ်၊ ဦးခေါင်းကွဲပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ယာဉ်မောင်းကို ပြည်စံအောင်ဂရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ မော်တော်ယာဥ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN