“ဂျပန် ဖူကူရှီးမား နျူးကလီးယား ဓာတ်အားပေးစက်ရုံ ၏ ရေဆိုးများ စွန့်ပစ်မှုကို ဆန့်ကျင်တဲ့အနေနဲ့ တောင်ကိုရီးယား ငါးဖမ်းသမားတွေ ဆန္ဒပြခဲ့ကြ”

ဇွန် ၁၃

တောင်ကိုရီးယားနိုင်ငံအတွင်း ရှိ ရေလုပ် သားများ က ဂျပန်နိုင်ငံ၏ နျူးကလီးယား ဓာတ်အား ပေးစက် ရုံကြီးမှ ရေဒီယိုသတ္တိကြွရေများကို ပင်လယ်ပြင် အတွင်းသို့ စွန့်ပစ်မည့် အစီအစဉ်များကို ပြီးခဲ့သည့် ဇွန်လ ၁၂ရက် တနင်္လာနေ့က ဆိုးလ်မြို့ရှိ အမျိုးသား လွှတ်တော်ရှေ့တွင် အဆိုပါ အစီအစဥ်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ ကြတာ လည်းဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ပါလီမန်အဆောက်အအုံအနီးတွင် ထောင်နှင့်ချီသော တောင်ကိုရီးယားနိုင်ငံ တံငါသည်များ စုဝေးခဲ့ကြပြီး ဂျပန်နိုင်ငံ၏ ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား ဓာတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွများ ပင်လယ်ပြင် အတွင်းသို့ စွန့်ပစ်မှုကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြတာဖြစ်တယ်လို့ သတင်းဌာနများ ကဖော်ပြပြော ဆိုနေကြတာ ဖြစ်ပါတယ်။