“ရုရှားရေနံတင်ပို့မှု ပထမအသုတ်အနေဖြင့် ပါကစ္စတန် နိုင်ငံ ကရာချိဆိပ်ကမ်းသို့ရောက်ရှိလာခဲ့”

ဇွန် ၁၂

ရုရှားနိုင်ငံ မှ ပါကစ္စတန် နိုင်ငံသို့ ရေနံတင်ပို့မှု အနေအဖြင့် ပထမအဆင့် ရေနံတင်ပို့မှု အသုတ်သည် ပါကစ္စတန်နိုင်ငံ ကရာချိဆိပ်ကမ်းသို့ ရောက်ရှိ လာပြီဖြစ်ကြောင်း ယနေ့ဇွန်လ ၁၂ရက် တနင်္လာနေ့တွင် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ရုရှားနိုင်ငံမှ ပထမဆုံးသော ရေနံတင်ပို့မှုနှင့်ပတ်သတ်ပြီး “ဒီနေ့ဟာ အသွင်ပြောင်းတဲ့ နေ့တစ်နေ့ပါ။ နှစ်နိုင်ငံ သာယာဝပြောရေး၊ နှစ်နိုင်ငံ စီးပွားရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုအားကောင်း လာပြီး နှစ်နိုင်ငံ ဆက်ဆံရေး တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုအား ကောင်းနေပါတယ်။ ဒါဟာ ပါကစ္စတန်ကို ရုရှားရေနံဆီ ပထမဆုံး ထောက်ပံ့ပေးပို့မှုနဲ့ ပါကစ္စတန်နိုင်ငံ နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တို့ကြား ဆက်ဆံရေးအသစ်ရဲ့ အစပဲ”လို့ ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif က ၎င်း၏twitter စာမျက်နှာပေါ် တွင် ပြောကြားထားပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုထားပါတယ်။