မတ္တရာမြို့နယ် မန္တလေး-မိုးကုတ်ကားလမ်းဘေးရှိ လယ်ကွင်းအတွင်း အမည်မသိအမျိုးသား ၂ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

ဇွန် ၁၂

        မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊ပတ်လည်အင်းကျေးရွာမြောက်ဘက်၊ယက္ကန်းစဉ်တောင်သွားလမ်းခွဲအနီး၊မန္တလေး-မိုးကုတ်ကားလမ်းဘေးရှိ လယ်ကွင်းအတွင်း အမည်မသိအမျိုးသား ၂ဦးသေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သတင်းအရ သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများမှ ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။

      အခင်းဖြစ်နေရာတွင် အမည်မသိ အသက် ၃၅ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးနှင့်အသက် ၃၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးတို့ကို မျက်နှာတွင် အဝတ်စည်းထားပြီး လက်ပြန်ကြိုး တုပ်လျက် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

      အဆိုပါ အမည်မသိအမျိုးသား နှစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ နယ်မြေခံရဲစခန်းတွင် သေမှုသေခင်းဆိုင်ရာ လုပ်ထုူးလုပ်နည်းနှင့်အညီ စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN