“ပါကစ္စတန်၊တူရကီ၊ဆော်ဒီအာရေဗျ၊အာဂျင်တီးနား နိုင်ငံတို့မှ ကိုယ်စားလှယ်တော်များ သည် တောင်အာဖရိက တွင် ကျင်းပမည့် BRICS ဆွေးနွေးပွဲသို့ တတ်ရောက်မည်”

ဇွန် ၁၂

ပါကစ္စတန်နိုင်ငံ အပါအဝင် တူရကီနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ အာဂျင်တီးနားနိုင်ငံ တို့နှင့်တကွ ကမ္ဘာ့နိုင်ငံပေါင်း ၁၉နိုင်ငံတို့သည် BRICS အဖွဲ့ကြီးတွင်ပါဝင်နိုင်ရန် စိတ်ပါဝင်စားနေကြပြီး နိုင်ငံပေါင်း ၁၉ နိုင်ငံအနက်မှ ပါကစ္စတန်နိုင်ငံ၊ တူရကီနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံ နှင့် အာဂျင်တီးနား နိုင်ငံ တို့ မှ ကိုယ်စားလှယ်တော်များ သည် တောင်အာဖရိကနိုင်ငံ တွင် လာမည့် သြဂုတ်လတွင် ကျင်းပပြုလုပ်မည့် BRICS အစည်းအဝေး ပွဲကြီးတွင် စူးစမ်း လေ့လာသည့် အနေဖြင့် ဆွေးနွေးပွဲများကို တတ်ရောက်သွားမည်ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံအတွင်းရှိ မီဒီယာများက ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့က ဖော်ပြပြောဆိုခဲ့ ကြပါတယ်။

ကမ္ဘာ့ ဖွံ့ဖြိုးဆဲနိုင်ငံများသည် အနောက်တိုင်း ကြီးစိုးသော အင်စတီကျူးရှင်းများက ၎င်းတို့နိုင်ငံများအပေါ် ပြင်းထန်သော စီးပွားရေး ထိန်းချုပ်ခံနေရမှု အခြေအနေများကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေကြပြီး BRICS အဖွဲ့အစည်းဘက်သို့ လှည့်ရန် ကြိုးပမ်း နေကြတာလည်းဖြစ်တယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုနေကြတာလည်းဖြစ်ပါတယ်။

BRICS နိုင်ငံများ၏ စုပေါင်း ငွေကြေး ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးပွဲကြီးကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲသည် BRICS အဖွဲ့အစည်း၏ ထိပ်သီး အစည်းအဝေးများထဲတွင် အထင်ရှားဆုံးသော အစီအစဉ်ကြီး တစ်ခု ဖြစ်လာမှာဖြစ်တယ်လို့ သတင်းဌာန များကဖော် ပြပြောဆိုနေ ကြတာလည်း ဖြစ်ပါတယ်။