နေပြည် တော်၊လယ်ဝေးမြို့၊မြို့မရဲစခန်းရှေ့ကိုလူသတ်အကြမ်းဖက် PDF နှစ်ဦးက ဆိုင်ကယ်ဖြင့်လာရောက်ပြီး လက်ပစ်ဗုံး(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ထွက်ပြေး

ဇွန် ၁၂

      ယနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် နေပြည် တော်၊လယ်ဝေးမြို့၊ အမှတ်(၃)ရပ်ကွက်၊  ရုံးလမ်းတွင်  လယ်ဝေးထွေ/အုပ်ရုံးလမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာသည့် အမည်မသိ လူသတ်အကြမ်းဖက် PDF ၂ ဦး စီးနင်းလာသည့်ဆိုင်ကယ်သည် ရပ်ထားသည့် ယာဉ်အမှတ် YGN-9 1F-4790 CR-V အဖြူရောင် မော်တော် ယာဉ်ကို အကာအကွယ်ယူ၍ မြို့မရဲစခန်းရှေ့ကို လက်ပစ်ဗုံး(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်ဘက်(အနောက်ဘက်)မှ ဖောင်တော်ချက်မဘုရားဘက်သို့ဆက်လက်မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

     အဆိုပါပစ်ခတ်မှုကြောင့် ရဲအုပ် ပြုံးချိုတွင် ဦးခေါင်းနောက်စေ့ဒဏ်ရာ(၁)(မစိုးရိမ်ရ)၊ ရဲတက
ကျော်သူတွင် ဝဲခြေသလုံးလက်မဝက်ခန့် ပေါက် ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ ရဲတသ ဒီသုခတွင် ဦး ခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ယာဘက် ဂျိုစောင်း(နားထင်)ဒဏ်ရာ၊ ယာခြေသလုံး လက်မ ဝက်ခန့်ပေါက်ပြဲဒဏ်ရာ ၂ ချက်(စိုးရိမ်ရ)၊ ကိုကျော်ရဲလူ၊၃၂ နှစ်၊(ဘ)ဦးအေးလွင်၊ ဗမာ/ဗုဒ္ဓ၊သံပန်းလုပ်၊ အမှတ်(၆)ရပ်ကွက်၊ လယ်ဝေးမြို့နေသူတွင် ဦးခေါင်းဝဲဘက် ၁ လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ဝဲခြေသလုံးလက်မဝက်ခန့် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ညနေ ၅ နာရီ ၂၅ မီးနစ်အချိန်တွင် လယ်ဝေးမြို့၊ကုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ ၅ နာရီ ၅၀ မီးနစ်အချိန်တွင် လယ်ဝေးမြို့၊ ခုတင်(၁၀၀)
ပြည်သူ့ဆေးရုံတွင် ရဲတသ ဒီသုခမှာ ဆေးကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေအတွင်းရှိ လုံခြုံရေးပူးပေါင်းအဖွဲ့များသည် လယ်ဝေးမြို့နယ်အတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN