လုံခြုံရေးပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရာ ကာလတန်ဖိုး ၇၀၀,၀၀၀ ကျပ်ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးများ ဖမ်းဆီးရမိ

ဇွန် ၁၁

       Operation 39 အထူးစစ်ဆင်ရေးစီမံချက်ဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ လွိုင်လင်မြို့နယ်၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု၊ ဟွေတွေ့ ကျေးရွာနေ ဒေါ်ငွေကြည် (ခ)နန်းငွေပေါက်(ဘ)ဦးလုံးထွန်း၊ ၃၅ နှစ်၊ ရှမ်း/ဗုဒ္ဓ၊ တောင်ယာလုပ်ကိုင်သူ၏နေအိမ်ကို ယမန်နေ့က ဝင်ရောက်ရှာဖွေခဲ့ပါသည်။

       ထိုသို့ ဝင်ရောက်ရှာဖွေရာ ဒေါ်ငွေကြည်(ခ) နန်းငွေပေါက် ကို နေအိမ်တွင် အသင့်တွေ့ရှိရပြီး ၎င်းလွယ်ထားသည့် ပန်းရောင် လက်ဆွဲဘေးလွယ်အိတ်အတွင်းမှ အဖြူရောင်ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ ပြား၊ အလေးချိန် ၁၂၆ ဂရမ်ခန့်၊ ကာလတန်ဖိုး ၁ ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းကာလတန်ဖိုး ၇၀၀၀၀၀ ကျပ်ခန့်အား ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်းသိရှိရပါသည်။

       အဆိုပါ ဒေါ်ငွေကြည်(ခ) နန်းငွေပေါက် ကို လွိုင်လင်မြို့နယ်ရဲစခန်းတွင်  မူး/စိတ် ပုဒ်မ-၁၉ (က) ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN