ရေစကြိုမြို့နယ်အတွင်း ပြည်သူစစ်စခန်းများကို အကြမ်းဖက်သောင်းကျန်းသူ PDF များက လာရောက်တိုက်ခိုက်

ဇွန် ၁၁

        ယနေ့နံနက် ၄ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး ၊ရေစကြိုမြို့နယ်ရှိ ဆင်မရဲပြည်သူ့စစ်စခန်းကို အကြမ်းဖက်သောင်းကျန်း သူ ( PDF) အင်အား ၅၀ ဦးခန့်သည် ဒရုန်းဖြင့် ဗုံးသီးချပြီး လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

   အလားတူ ရေစကြိုမြို့နယ်၊ ဂွေးချိုပြည်သူ့စစ်စခန်းကိုလည်း နံနက် ၅ နာရီအချိန်တွင် အကြမ်း ဖက်သောင်းကျန်းသူ PDF ၃၀ ဦးခန့်က လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့ကြပါသည်။  

       အဆိုပါ ဆင်မရဲ ပြည်သူ့စစ်စခန်းနှင့်ဂွေးချိုပြည်သူ့စစ်စခန်းတို့မှ ပြန်လည်ပစ်ခတ်ခြင်းကြောင့် အကြမ်းဖက်များထွက်ပြေးသွားကြပြီး လုံခြုံ ရေးအဖွဲ့အနေဖြင့်ထိခိုက်သေဆုံးမှု မရှိကြောင်း သတင်းရရှိပါသည်။

   ယခုရက်ပိုင်းတွင် ရေစကြိုမြို့နယ်မှ ပြည်သူစစ်စခန်းများကို အကြမ်းဖက်သောင်းကျန်းသူ PDF များက ဆက်လက်တိုက်ခိုက်မည်ဟု သတင်းရရှိထားကြောင်း ဒေသခံပြည်သူများထံမှ
သိရှိရပါသည်။

#PAN