ဘားအံမြို့နယ်၊နောင်ကျန်ရွာရှိ ကားလမ်းဘေးရှိ နေအိမ်တွင် ခေတ္တတည်းခိုနေသော အမျိုးသားတစ်ဦး အကြမ်းဖက်သောင်းကျန်း သူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်ကာသေဆုံး

ဇွန် ၁၁

       ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကျန်ရွာရှိ ကားလမ်းဘေးရှိ နေအိမ်တွင် တည်းခိုနေသော ဦးဇော်မင်းထွန်း၊၄၇နှစ် သည် ယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်း သူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်ကာသေဆုံးခဲ့ကြောင်း သိရှိရပါသည်။

    သေဆုံးသူ ဦးဇော်မင်းထွန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ခရစ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ယမန်နေ့က ၄င်း၏သားကျောင်းထွက်လက်မှတ်ကို မြဝတီမြို့မှ သွားယူပြီး ပြန်လာရာ နောင်ကျန်ရွာရှိ ကားလမ်းဘေးအိမ်တွင် ညအိပ်တည်းခိုစဥ် ထိုသို့ လက်နက်ကြီးကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN