နတ်တလင်းမြို့နယ်အတွင်း ကြမ်းဖက်သောင်း ကျန်းသူ PDF များ ရောက်ရှိခိုအောင်းနေကြောင်း ဒေသခံများ၏ သတင်းပေးပို့မှုအရ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်း

ဇွန် ၁၁

      ယမန့်နေ့ နေ့လည်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၏ အရှေ့ မြောက်ဘက် ဘိုကြီးစခန်းကျေးရွာနှင့် ညောင်လေးပင်ကျေးရွာတစ်ဝိုက်၌ အ​ကြမ်းဖက်သောင်းကျန်းသူ PDF များ ရောက်ရှိခိုအောင်းနေကြောင်း ဒေသခံများ၏ သတင်းပေးပို့မှုအရ တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဥ်
မသင်္ကာဖွယ်တဲ ၂ လုံးအားတွေ့ရှိသဖြင့် ဝင်ရောက် ရှင်းလင်းရာ အကြမ်းဖက်သောင်းကျန်း သူ PDF ၆  ဦးခန့်နှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

       ထိုတိုက်ပွဲဖြစ်စဥ်တွင် တပ်မတော်စစ်ကြောင်းက အကြမ်းဖက်သောင်းကျန်းသူ PDF အလောင်း ၄ လောင်း၊ စက်လက် ၁ လက်၊ ကာဘိုင်  ၁ လက်၊ ၁၂ ဘိုးလ်သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၀၆ တောင့်၊ပြောက် ကျားယူနီဖောင်း ၂ စုံ၊ ကျောပိုးအိတ် ၃ လုံး၊ ရီမုခလုတ် ၂ ခု၊ ဆိုလာပြား ၄ ချပ်၊ တဲ ၂ လုံး
တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါသည်။

     ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူ PDF များ၏ လုပ်ရပ်များအပေါ်
မလိုလားတော့သဖြင့် ၎င်းတို့၏သတင်းများကို တပ်မတော်စစ်ကြောင်းများသို့ သတင်းပေးပို့လာကြကြောင်း သိရှိရပါသည်။

#PAN