ညောင်လေးပင်မြို့နယ်တွင် ဒေသခံပြည်သူများအဓိက အားထားသော ကျေးလက်ဒေသဖွံ့ဖြိုးရေးတံတားကို လူသတ်အကြမ်းဖက်သောင်း ကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီး

ဇွန် ၁၀

       ယနေ့ နံနက် ၆ နာရီ ၃၀မီးနစ်အချိန်တွင်ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ဂွေးကုန်းကျေးရွာအုပ်စု၊ ကောက်မယ်သူကျေးရွာအနီးရှိ ရေဖြူကန်-ချုံအင်း-ဒလဆိပ် လမ်းပေါ်ရှိ အရှည် ၁၁၀ ပေ၊ အကျယ် ၁၄ ပေရှိ ကျေးလက်ဒေသဖွံ့ဖြိုးရေးတံတားကို လူသတ်အကြမ်းဖက်သောင်းကျန်းသူ KNU နှင့် PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။

      အဆိုပါတံတားသည် အနီးပတ်ဝန်းကျင်ရှိဒေသခံပြည်သူများအဓိက အားထားရာတံတားတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

    တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာ ရှင်တော်လှန်ရေး အမည်ခံထားသော်လည်း လက် တွေ့တွင် အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူပိုင်အဆောက်အဦ၊လမ်းတံတားများကို ဖျက်ဆီးခြင်း စသည်တို့ကိုသာ လုပ်ဆောင်နေကြကြောင်း တွေ့ရှိရပါသည်။

#PAN