ဆိုမာလီယာတွင် ကမ်းခြေဟိုတယ်ကြီးတစ်ခုကို စစ်သွေးကြွများ ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့”

ဇွန် ၁၀

ဆိုမာလီယာနိုင်ငံ၏ မြို့တော် Mogadishu မိုဂါဒစ်ရှူးမြို့အတွင်းရှိ ကမ်းခြေဟိုတယ်ကြီးတစ်ခုတွင် al-Shabaab အယ်လ်ရှာဘတ် အမည်ရှိ စစ်သွေးကြွများက ​၆နာရီကြာ ဝင်ရောက်စီးနင်း ဝိုင်းရံထားမှုအတွင်း လူ ၆ဦး သေဆုံးခဲ့ပြီး လူ၁၀ ဦးထိ ဒဏ်ရာများရရှိခဲ့ကြောင်း ဆိုမာလီယာရဲတပ်ဖွဲ့က ယနေ့ ဇွန်လ ၁၀ရက် စနေနေ့တွင်တရားဝင်ထုတ်ပြန် ပြောကြားခဲ့တာဖြစ်ပါတယ်။

“တိုက်ခိုက်မှုမှာ လူ ​၆ ဦး သေဆုံးခဲ့ရပြီး လူ ၁၀ ဦးထိဒဏ်ရာများရရှိခဲ့ကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များထဲက အဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ရပါတယ်” လို့ ဆိုမာလီ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုတွင် အဆောက်အအုံအတွင်း ပိတ်မိနေသော လူ ၈၄ ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့ပါတယ်လို့ သတင်းဌာနများကဖော်ပြပြောဆိုနေကြပါတယ်။