“အမေရိကန် Hawaiiပြည်နယ်ရှိ Kilauea မီးတောင် တွင် ပေါက်ကွဲမှုများဖြစ်ပေါ်နေ”

ဇွန် ၉

အမေရိကန်နိုင်ငံ အနောက်ဘက်အပိုင်း ဟာဝိုင်အီပြည်နယ် အတွင်းရှိ Big Island၏ ဒုတိယအကြီးမားဆုံး မီးတောင်ဖြစ်သည့် Kilauea အမည်ရှိသည့် မီးတောင်ကြီးသည် ပြီးခဲ့သည့် ဇွန်လ ၇ရက် ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းမှ စတင်ပြီး အံ့မခန်းမြင်ကွင်းကြီးတစ်ခုဖြင့် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါ မီးတောင်ပေါက်ကွဲမှုဖြစ်ပေါ်နေသည့် မှောင်မိုက်နေသော ညကောင်း ကင်ယံတွင် မီးတောက်များနှင့် ချော်ရည်ပူများ တောက်ပနေကာ မီးတောင်များဝန်းရံနေကြသော ဗီဒီယိုဖိုင်တစ်ခုသည် social media များပေါ် တွင်ပျံနှံ့ သွားခဲ့တာ လည်းဖြစ်ပါတယ်။

U.S. Geological Survey’s Hawaiian Volcano Observatory အဖွဲ့က ပြီးခဲ့သည့် ဇွန် ၈ရက် ကြာသပတေးနေ့တွင် အဆိုပါ မီးတောင်မှ ချော်ရည်များ စီးဆင်းမှု ကျဆင်းသွားခဲ့သောကြောင့် မီးတောင်အနီးရှိ အခြေခံအဆောက်အဦး များအား ခြိမ်းခြောက်မှုအခြေအနေများ လျော့နည်း လာကာ Kilauea မီးတောင်ပေါက်ကွဲမှု၏ အရေးပေါ် သတိပေး ထုတ်ပြန်ချက် များကိုလျှော့ချလိုက်ပြီ ဖြစ်ကြောင်း တရားဝင် သတင်း ထုတ်ပြန်ထားပါတယ်။