မတ္တရာမြို့နယ်တွင် မန္တလေး-မတ္တရာ မီးရထားသံလမ်းဘေး၌ အမည်မသိ အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေ

ဇွန်  ၉

      ယနေ့ နံနက် ၈ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊သာလွန်ဖြူကျေးရွာအုပ်စု၊သာလွန်ဖြူကျေးရွာအရှေ့ဘက်၊မန္တလေး-မတ္တရာ မီးရထားသံလမ်းဘေး၌ အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးခဲ့ရာ အမည်မသိ၊အသက် ၆၀နှစ်ခန့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း တွေ့ရပါသည်။

    အဆိုပါ အမည်မသိ သေဆုံးသူ၏ မျက်လုံးကိုပုဆိုးဖြင့်စည်းထားပြီး ပါးစပ်တွင် အင်္ကျီအမဲပိတ်လျက် လည်ပင်း၌ အစွန်းရောက်တို့သွားရာလမ်း စာသားအနီရောင်နှင့် ချိန်ခွင်တံဆိပ်ပါ လည်ဆွဲကို ဆွဲထားကာ ယာ-နားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲ-နားထင် ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေကြောင်း၊ နယ်မြေခံရဲတပ်ဖွဲ့က သေမှုသေခင်းဆိုင်ရာ စုံစမ်းစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN