“အမေရိကန်နိုင်ငံ တွင် အဝါရောင် မီးခိုးများ ဖုံးလွှမ်း နေပြီး လေထုညစ်ညမ်းမှုများဖြစ်ပေါ်နေ”

ဇွန် ၈

ကနေဒါနိုင်ငံ တွင် လောင်ကျွမ်းနေသော တောမီးများ မှ မီးခိုးငွေ့များကြောင့် အမေရိကန်နိုင်ငံ အရှေ့ ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ကြီးများတွင် လေထုအရည်အသွေးညစ်ညမ်းမှုသတိပေးချက်များထုတ်ပြန်ခဲ့ရတာဖြစ်ပါတယ်။

ကနေဒါနိုင်ငံအတွင်းရှိ ထောင်ပေါင်းများစွာသော လူများ သည် ၎င်းတို့၏ နေအိမ်များမှ ကို ဘေးလွတ် ရာသို့ ရွှေ့ပြောင်းခဲ့ကြရပြီး ပြီးခဲ့သည့် ဇွန်လ ၇ရက် နေ့ ဗုဒ္ဓဟူးနေ့တွင် အမေရိကန်နိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်း တစ်လျှောက်ရှိ မြို့ကြီးများ တွင် မီးခိုးမြူများ ဖုံးလွှမ်းသွားခဲ့ ရတာလည်းဖြစ်ပါတယ်။

Big Apple (နယူးယောက်)မြို့ ၏မြို့တော်ဝန် က လေထုညစ်ညမ်းမှုများ နှင့် ထူထပ်သော အခိုးအငွေ့ များကြောင့် နယူးယောက်မြို့၏ လူနေထူထပ်သော မန်ဟက်တန်၏ ကျော်ကြားသော မိုးမျှော်တိုက်ကြီး များပေါ်တွင် အဝါရောင် မီးခိုးများ ပျံနှံ့မှုများ ဖြစ်ပေါ်လာပြီးနောက် နယူးယောက် မြို့အတွင်းရှိ အားကစား ပွဲများကို ရွှေ့ဆိုင်းထား လိုက်ရပြီး အဆိုပါ မြို့များတွင် နေထိုင်သူများအား အိမ် တွင်း၌သာ နေထိုင်ကြရန် တိုက်တွန်းခဲ့ပါတယ်။

ကနေဒါနိုင်ငံမှ လွင့်စင်လာသော မီးခိုးငွေ့များ သည် အမေရိက၏ အရှေ့မြောက်ဘက်နှင့် အနောက်ဘက် ချီကာဂိုမြို့နှင့် တောင်ဘက် အတ္တလန်တာ ဒေသများ အတွင်းရှိ လူသန်းပေါင်း ၁၀၀ ကျော်နီးပါကို လေထုညစ်ညမ်းမှု သတိပေးချက်များ ထုတ်ပြန် ထားရကြောင်း အမေရိကန် နိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ အေဂျင်စီများ က ယနေ့ ပြောကြားခဲ့တာကြတာဖြစ်ပါတယ်။