“အိန္ဒိယ ဝန်ကြီးချုပ်၏ အမေရိကန်နိုင်ငံ ခရီးစဥ် မတိုင်မှီ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ပုဂ္ဂိုလ် အိန္ဒိယနိုင်ငံသို့ လာရောက် လည်ပတ် နိုင်ရန် ပြင်ဆင်နေ”

ဇွန် ၇

အမေရိကန်နိုင်ငံ ပြည်ထောင်စု၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Jake Sullivan က အိန္ဒိယနိုင်ငံသို့ လာရောက်လည် ပတ်နိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေတာဖြစ်​ပြီးအိန္ဒိယနိုင်ငံ၏ဝန်ကြီးချုပ် Narendra Modi ၏လာမည့် ဇွန်လ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင် နှင့် တွေ့ဆုံမှုများပြုလုပ်မည့် ခရီးစဥ် မတိုင်မှီ အိန္ဒိယနိုင်ငံသို့လာရောက်မှာလည်းဖြစ်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ သည် လာမည့်ဇွန်လ၂၀ ရက်နေ့တွင် အမေရိကန်သို့ နိုင်ငံတော်အဆင့် ခရီးစဥ်အဖြစ် ထွက်ခွာမှာလည်းဖြစ်ပါတယ်။

National Security Advisor (NSA) Jake Sullivan က အိန္ဒိယ နိုင်ငံနှင့် GE-414 အမျိုးအစားအင်ဂျင် သဘောတူညီချက်၏ အသေးစိတ် အချက်အလက်များကို အပြီးသတ် ရေးဆွဲရန် အတွက်လာမည့် ဇွန်လ ၁၃ ရက်နေ့တွင် အိန္ဒ်ိယနိုင်ငံ နယူးဒေလီ မြို့သို့ လာရောက် လည်ပတ် သွားမည်ဖြစ်ပြီးယူကရိန်းနိုင်ငံ၏ပဋိပက္ခတွင် အမေရိကန် – အိန္ဒိယ နှစ်နိုင်ငံ၏ ရပ်တည်ချက်များကို ကောင်းစွာပြင်ဆင်နိုင်ရန်နှင့် ဆိုက်ဘာ နည်းပညာ ဆိုင်ရာများ တန်ပြန် နည်းပညာ များကို နှစ်နိုင်ငံ မျှဝေခြင်း များပြုလုပ်နိုင်ရန်တို့ကို အိန္ဒိယ အစိုးရ၏ တာဝန်ရှိသူများ နှင့် ဆွေးနွေးသွား ကြမှာလည်း ဖြစ်ပါတယ်။

အဆိုပါ အလည်အပတ်ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ ပြည်ပရေးရာဝန်ကြီး EAM Jaishankar နှင့်အတူ အိန္ဒိယနိုင်ငံ၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဖြစ်သည့် National Security Advisor (NSA) Ajit Doval တို့နှင့်လည်း တွေ့ဆုံမှုများပြုလုပ်ရန် အစီအစဥ်ရှိနေပါတယ်လို့ သတင်း ဌာနများက ယနေ့ ဇွန်လ ၇ရက်နေ့တွင် ဖော်ပြပြောဆိုနေကြပါတယ်။