“ယူကရိန်းအတွက် သူလျှိုလုပ်ပေးနေသူကို ရုရှားနိုင်ငံ ၏ အရှေ့ဖျားပိုင်းရှိ ဒေသအတွင်း ဖမ်းဆီးရမိခဲ့”

ဇွန် ၇

ယူကရိန်းနိုင်ငံ အတွက် သူလျှိုလုပ်မှုဖြင့် ရုရှားနိုင်ငံ၏ အရှေ့ဖျားပိုင်းဒေသ ရှိ Primorsky Krai မြို့၏ မြို့ခံတစ်ဦးကို The Federal Security Service of the Russian Federation (FSB) အရာရှိများက ယနေ့ ဇွန်လ ၇ရက်နေ့တွင် ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။

“ရုရှားဖက်ဒရေးရှင်း၏ The Federal Security Service of the Russian Federation(FSB)အဖွဲ့အစည်းက ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန ပင်မ ထောက်လှမ်း ရေးညွှန်ကြားရေးမှူးရုံး၏ အကျိုးစီးပွားအတွက် သူလျှိုပြု မှုပုံစံဖြင့် မြင့်မားသောနိုင်ငံသစ္စာဖောက်မှုတွင် ပါဝင်ပတ်သက်နေသော Primorsky Krai မြို့တွင်နေထိုင်သူ၏တရားမဝင်လှုပ်ရှားမှုများကို ယနေ့ရပ်တန့်လိုက်နိုင်တာဖြစ်ပါတယ်” လို့ FSB ၏ထုတ်ပြန်ချက် တွင်ဖော်ပြထားပါတယ်။

အဆိုပါ အမျိုးသားသည် ရုရှားနိုင်ငံတရားဥပဒေ စိုးမိုးရေးအေဂျင်စီများ၏ အရာဝတ္တုများနှင့် ဒေသ တွင်းရှိ စစ်ဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံ များ၏ အချက်အလက်များကို ယူကရိန်းနိုင်ငံ၏ ပင်မ ထောက်လှမ်းရေးအဖွဲ့ထံ ကို ပေးပို့ခဲ့နေတာလည်း ဖြစ်ပါတယ်။