ပုဂံမြို့ဟောင်း၊ဧရာဝတီမြစ်တောင်ဘက်မြစ် ကမ်းဘေးရှိ ဗူးဘုရားစေတီတွင် မိုးကြိုးခ​

ဇွန် ၇

       ယမန်နေ့ ည ၉ နာရီ ၃၅ မီးနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်း၊ တောင်ဘီကျေးရွာတွင် မိုးသည်းထန်စွာထစ်ချုန်းရွာသွန်းခဲ့ပြီး ဧရာဝတီမြစ်တောင်ဘက် မြစ်ကမ်းဘေး AD ၃ ရာစုခန့်က ပျူစောထီးမင်းတည်ထားတော်မူသော   ဗူးဘုရားစေတီတွင် မိုးကြိုးခ​ပြီးလျှပ်စီးဝင်ခဲ့ရာ စေတီပတ်ဝန်းကျင်တွင် မီးပွားများလွင့်စင်ခြင်း၊ မြစ်ထဲသို့စီးဝင်ခြင်းများဖြစ်ပွားခဲ့ပါသည်။

   ထိုသို့ မိုးကြိုးလျှပ်စီးများခဲ့ရာ စီးဝင်ခဲ့ခြင်းကြောင့် ဗူးဘုရား စေတီတော်လုံးပတ်တော်နှင့် ထီးတော်တို့သည် မိုးကြိုးစက်ကွင်းမလွတ်ကင်းသဖြင့် ထီးတော်၏ စိန်ဖူးတော်အောက်ခံကြာဖတ်မဲသွားခြင်း၊ ထီးတော်၏သံခေါင်းလောင်းများ မဲသွားခြင်း၊ ငှက်ပျောဖူးကြာဖက်ထိပ်ပိုင်း ၆ လက်မခန့် ပဲ့သွားခြင်း၊ မိုးကြိုးလွဲ၏ ဘေး ၁.၅ လက်မခန့် အဝိုင်းပေါက်နှင့် အမဲစက်ဖြစ်သွားခြင်း၊ စေတီလုံးပတ်တော်အနောက်တောင်ဘက်နှင့် အနောက် ဖက်တွင် ၁.၅ လက်မအဝိုင်းပေါက် ၂ ခု၊ ဖြစ်ပြီး သံဇကာကွက်ကဲ့သို့ အရာထင်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN