တောင်ကြီးမြို့တွင် ဖယောင်းတိုင်မီးအား ထွန်းညှိထားရာမှတစ်ဆင့် မွေ့ယာအား မီးကူးစက်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွား

ဇွန် ၇

       ယမန်နေ့ ည ၈ နာရီအချိန်ခန့်တွင် ရှမ်း ပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊မြေနယ်မြေ (၂)၊ရေထွက်ဦးလမ်းခွဲ (၂)၊ အမှတ်- ၂/၄၆၄ နေ ဦးခွန်နှင်းမောင်၊၃၂နှစ်၊ (ဘ)ဦးမောင်လုံ၊ပအိုဝ်း /ဗုဒ္ဓ၊ ခြံလုပ်ကိုင်သူ၏ အလျား ၃၀ပေ၊ အနံ ၂၄ ပေအရွယ်ရှိ သွပ်မိုး၊ အုတ်ကာ၊ ပျဥ်ခင်း ၂ ထပ်အဆောက်အဦ၏ နေအိမ်အောက်ထပ်ရှိ အိပ်ခန်းအတွင်း၌ ဖယောင်းတိုင်မီးအား ထွန်းညှိထားရာမှတစ်ဆင့် မွေ့ယာအား မီးကူးစက်ကာ စတင်မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်အား မီးကူးစက်လောင်ကျွမ်း ခဲ့ကြောင်းသိရပါသည်။

        အဆိုပါ မီးလောင်ကျွမ်းရာနေရာသို့ ရှမ်း ပြည်နယ် ပြည်နယ် / ခရိုင် / မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်း ၈၀ ဦးခန့်တို့မှ မီးသတ်ယာဥ် ၇ စီး၊ ရေသယ်ယာဥ် ၂ စီးတို့ဖြင့် ၈ နာရီ ၁၀ မီးနစ်အချိန်တွင် ဝိုင်းဝန်းငြှိိမ်းသတ်ခဲ့ရာ ၈ နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။

     အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အဆောက်ဦးအပေါ်ထပ်၊ အောက်ထပ်နှင့် လူ့အသုံးအဆောင်ပ္စည်းများ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုးငွေ သိန်း ၂၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူ/တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိ ကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ  ဦးခွန်နှင်းမောင် ကို တောင်ကြီးနယ်မြေရဲစခန်းမှ ဥပဒေအရအမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN