သံတောင်ကြီးမြို့နယ် ပညာရေးမှူးရုံးကို လူသတ်အကြမ်းဖက် PDF အဖွဲ့ က လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်

ဇွန်  ၆

    ယမန်နေ့ည ၈ နာရီ အချိန်တွင် ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊မြို့နယ်ပညာရေးမှူးရုံးအား လူသတ်အကြမ်းဖက် PDF အဖွဲ့က ရုံးဝန်းမျက်နှစာရှေ့သို့ လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်သွားသောကြောင့်  ရုံးပြတင်းပေါက်မှန်နှင့်ကြမ်းခင်းနံရံကိုမိုင်းစထိမှန်၍ အနည်းငယ်ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းသတင်းရရှိပါသည်။

   တိုင်းဖျက်ပြည်ဆူပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့မှ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ယခုလို အေးချမ်းစွာ ပညာသင်ကြားလိုသော ကျောင်းသူ၊ကျောင်းသားများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းအဆောက်အဦ၊ပစ္စည်းများကို နည်းမျိုးစုံဖြင့် နှောက်ယှက်၊ဖျက်ဆီး၊ခြိမ်း ခြောက်၊သတ်ဖြတ်နေခြင်းသည် လက်ရှိတပ်မတော်အစိုးရကို ထိခိုက် ခြင်းထက် တိုင်းပြည် ၏အနာဂါတ်ကို ဖျက်ဆီးနေခြင်းဖြစ်ရာ အလုံးစုံပျက်သုဥ်းခြင်းသို့ ဦးတည်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

#PAN