ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအား KNU/PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့များမှ အင်အားအလုံးအရင်းဖြင့် မြို့သိမ်း တိုက်ပွဲပုံဖော်ခဲ့

ဇွန်  ၆

      ယနေ့ နံနက် ၃ နာရီခွဲအချိန်ခန့်ကစ၍ ပဲခူး တိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက် ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအား အကြမ်း ဖက်သောင်းကျန်းသူ KNUနှင့် PDF ပူးပေါင်းအဖွဲ့က အင်အားအလုံးအရင်းဖြင့် မြို့သိမ်းတိုက်ပွဲပုံဖော်ခဲ့သော်လည်း နယ်မြေခံရဲတပ်ဖွဲနှင့်  ပြည်သူစစ်တပ်ဖွဲ့ များက ပြန်လည်ခုခံခဲ့ကြရပြီး  တပ်မတော်မှ လေယာဥ်များပစ်ကူသုံးခဲ့သဖြင့်   လူသတ်အကြမ်းဖက် KNUနှင့် PDF ပူးပေါင်းအဖွဲ့များ ကျဆုံးမှုများဖြင့် အထိနာကာထွက်ပြေးကြရကြောင်း သိရှိရပါသည်။

      နိုင်ငံတော်သမ္မတဦးသိန်းစိန်လက်ထက်တွင်တည်ဆောက်ခဲ့သော စစ်တောင်းမြစ်ကူးတံတား (နတ်သံကွင်း)ကို အကြမ်းဖက်သောင်းကျန်းသူ
များက ဗုံးခွဲဖျက်ဆီးခဲ့သဖြင့် နတ်သံကွင်းဘက်အခြမ်း(ကျောက်ကြီးမြို့နယ်)ဘက်မှာ ပြိုကျပျက်စီးခဲ့ရပါသည်။

      အဆိုပါတံတားသည် ဒေသတွင်းအကြီးမားဆုံးတံတားတစ်စင်းဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် တည်ဆောက်ခဲ့သော ၇၂၀ ပေအရှည်ရှိ သံကူကွန်ကရစ်တံတားဖြစ်ပါသည်။

   တိုင်းဖျက်ပြည်ဆူပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့မှ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အကြမ်း ဖက်သောင်းကျန်းသူ KNU နှင့် ပူးပေါင်းကာ ယခုလို အရပ်ဖက်ပစ်မှတ်များ တိုက်ဖျက်ဆီးနေကြခြင်းကြောင့် ဒေသတွင်း ခရီးသွားလာရေးနှင့် လူနေမှုဘဝရပ်တည်ရေးအတွက် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရပါသည်။

#PAN