ပုလောမြို့နယ်တွင် ဒူးရင်းခြံထဲ ဒူးရင်းသီးခူးနေသည့် အပြစ်မဲ့ ပြည်သူတစ်ဦးကို အကြမ်းဖက်သောင်းကျန်းသူ PDFများက သတ်ဖြတ်

ဇွန် ၅

       ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ပု​လောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ လေးမိုင်ရွာတွင် နေထိုင်သော ဦးအောင်ကို၊ ၃၅နှစ်ကို  ဒူးရင်းသီးခြံထဲတွင် ဒူးရင်း သီးခူးနေစဉ် လူသတ်အကြမ်းဖက်သောင်းကျန်း သူ  PDF များက သေနတ်ဖြင့်နှစ်ချက်ပစ်ခတ်သတ်ဖြတ်သွားကြောင်းသိရပါသည်။

   မနက်ပိုင်းက ဒူးရင်းခြံထဲ ဒူးရင်းသီးသွားခူးသည့် ခင်ပွန်းဖြစ်သူမှာ  အိမ်သို့ပြန်မရောက်လာပဲ ကြာနေသဖြင့် ဇနီးဖြစ်သူက ခြံထဲသို့လိုက်သွားမှ အသတ်ခံရသည်ကို သိရှိရကြောင်း၊ အသတ်ခံရသူ ဦးအောင်ကို မှာ တောင်ယာလုပ်ငန်းကို ရိုးသားစွာ လုပ်ကိုင်စားသောက်နေသူဖြစ်ကြောင်း၊ ဘာကြောင့်သတ်သည်ကို မသိရှိရသေးကြောင်း၊PDFအမည်ခံအကြမ်းဖက်သမားများက ယခုလို အပြစ်မဲ့ သာမန်ပြည်သူများကို အကြောင်းမဲ့ မကြာခဏ သတ်ဖြတ်လေ့ရှိကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိပါသည်။

#PAN