နမခ ဘက်စုံစိုက်ခြံအနီး လုံခြုံရေးကင်းအဖွဲ့ကို ဈေးသည်ဟန်ဆောင်ကာ ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်

ဇွန်  ၅

      စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာ၊ မုံရွာ – မန္တလေး ကားလမ်းဘေးရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဘက်စုံခြံအနီး ကားလမ်းလုံခြုံရေးကင်းအဖွဲ့ကို​ ယနေ့ နံနက် ၃ နာရီအချိန်ခန့်တွင် လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF များက  စျေးသည် ဟန် ဆောင်ကာ ဆိုင်ကယ်များဖြင့်လာရောက်ပြီး
အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်သွားရာ  ရဲတပ်ဖွဲ့ဝင် တဦး ကျဆုံးကြောင်း သတင်းရရှိပါသည်။

        အလားတူ ယမန်နေ့ကလည်း ချောင်းဦးမြို့ သစ်တောရုံးအနီးရှိ မုံရွာ-မန္တးလေးကားလမ်းဘေး၊ လုံးခြုံရေးဂိတ်ကို လူသတ်အကြမ်းဖက် သောင်းကျန်းသူ PDF အဖွဲ့က ကားဖြင့်ရောက်ရှိလာပစ်ခတ်သွားရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ရပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့ကိုင်ဆောင်သည့် ဘီအေ ၆၃ မောင်းပြန်ရိုင်ဖယ် ၄ လက် ဆုံးရှုံးခဲ့ရကြောင်းသိရှိရပါသည်။

       ချောင်းဦးမြို့နယ်အတွင်းတွင် လူသတ်အကြမ်းဖက်သောင်းကျန်း PDF များက လုံခြုံ ရေးဂိတ်များကို အသွင်ယူလှုပ်ရှာကာ အတင့်ရဲစွာ လုပ်ဆောင်လာနေကြကြောင်း၊ ​လုံခြုံရေးအဖွဲ့များများသည် လုံခြုံရေးပေါ့ဆသည့်အပြင် အထက်တာဝန်ရှိသူတွေကလည်း ဖိဖိစီးစီးကြပ်မတ်မှု အားနည်းလို့ ယခုလို အတင့်ရဲလာခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက သတင်းပေးပို့လာပါသည်။

#PAN