“ဆော်ဒီအာရေဗျ ရှိ အီရန်သံရုံးကို လာမည့် ဇွန်လ ၆ရက်နေ့တွင် ဖွင့်လှစ်သွားမည်”

ဇွန် ၅

ဆော်ဒီအာရေဗျ နိုင်ငံ၏ မြို့တော် Riyadhမြို့ရှိ အီရန်နိုင်ငံ၏ သံရုံးကို လာမည့် ဇွန်လ ၆ရက် အင်္ဂါနေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထား ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့သည့် ၂၀၁၆ခုနှစ်တွင် နှင်ထုတ်ခံခဲ့ရသော ဆော်ဒီအာရေဗျနိုင်ငံ၏ အီရန်သံတမန် ရာထူးနေရာ တွင် အသစ်ခန့်အပ်ခံရသော အီရန်သံ အမတ် Alireza Enayati ၏ ဦးဆောင်မှုဖြင့် အီရန် သံရုံးကို အင်္ဂါနေ့မှာ ပြန်လည်ဖွင့်လှစ် သွားမှာလည်း ဖြစ်ပါတယ်။

အဆိုပါ အီရန်သံရုံး ပြန်လည်ဖွင့်လှစ်မည့် အခမ်း အနားကို ဇွန်လ ၆ရက် အင်္ဂါနေ့ ဒေသစံ တော်ချိန် ညနေ ၆ နာရီ (၁၅ : ၀၀ GMT) တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သတင်းဌာနများက ဖော်ပြ ပြောဆိုနေကြပါတယ်။