“ဂျပန်ပင်လယ် နှင့် OKhotsk ပင်လယ် ပြင်တို့တွင် ရုရှား ပစိဖိတ်စစ်ရေယာဥ်အုပ်စုများ စစ်ရေးလေ့ကျင့်မှု စတင်”

ဇွန် ၅

ရုရှားနိုင်ငံ၏ ပစိဖိတ်စစ်ရေယာဉ်စုကြီး၏ တပ်ဖွဲ့များသည် ဂျပန်ပင်လယ်ပြင် နှင့် အနောက်ပစိဖိတ်သမုဒ္ဒရာ Okhotsk ပင်လယ်ပြင် တို့တွင် စစ်ရေးလေ့ကျင့်မှုများ စတင်လုပ်ဆောင် နေကြပြီ ဖြစ်ပါတယ်။

အဆ်ိုပါ စစ်ရေးလေ့ကျင့်မှုများအတွင်း ရေတပ်နည်း ဗျူဟာအဖွဲ့များသည် ရေတပ်များလေကြောင်းများ နှင့်အတူ ရန်သူ့၏ ရေငုပ်သင်္ဘောများကို ရှာဖွေခြေရာခံခြင်း၊ တိုက်ခိုက်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်း၊ စစ်သင်္ဘောတပ်ခွဲများ၏ လေကြောင်း ရန်ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းတို့ အပြင် တပ်ဖွဲ့များ၏ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ လေ့ကျင့်ရေး ကိစ္စရပ်များကိုလည်း လုပ်ဆောင်သွား ကြမှာ ဖြစ်ပါတယ်။

ရုရှား ပစိဖိတ်စစ်ရေယာဉ် ၆၀ ကျော်၊ ရေတပ် လေကြောင်းလေယာဉ် ၃၅ စီး နှင့် ကမ်းရိုးတန်း တပ်ဖွဲ့ဝင်စစ်သည်အင်အား ၁၁ဝဝဝ ကျော်တို့သည် ရုရှား ပစိဖိတ် ရေတပ်အုပ်စု ၏ စစ်ရေး လေ့ကျင့်မှု များတွင် ပါဝင်သွား ကြမှာ လည်းဖြစ် ပါတယ်။

၂၀၂၃ ခုနှစ်အတွက် ပစိဖိတ်ရေယာဉ်အုပ်စုကြီး၏ စစ်ရေးကွပ်ကဲမှုများ နှင့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်များ ကို ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၂၀ ရက်နေ့အထိ ဂျပန်ပင်လယ် နှင့် Okhotsk ပင်လယ်ရေပြင်တို့တွင် ရုရှား ပစိဖိတ်ရေတပ်၏ ရေတပ်ဗိုလ်ချုပ်ကြီး Viktor Liina က ဦးဆောင် ပြီး စစ်ဆင်ရေး လေ့ကျင့်ခန်းများကို ပြုလုပ်သွား ကြမှာဖြစ်ပါတယ်။