ပေါက်မြို့အဝင် လုံခြုံရေးဂိတ်ကို PDF အမည်ခံလူသတ်အကြမ်းဖက်သောင်းကျန်းသူများက သာလွန်အင်အားဖြင့် အလစ်ဝင်ရောက်တိုက်ခိုက်

ဇွန်  ၄

     ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က မိုးရွာနေစဥ် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့အဝင် လုံခြုံရေးဂိတ်ကို PDF အမည်ခံလူသတ်အကြမ်း ဖက်သောင်းကျန်းသူ အင်အား ၇၀ ခန့်က သာလွန်အင်အားဖြင့် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

     ထိုသို့ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သော် လည်း လုံခြုံရေးပူးပေါင်းအဖွဲ့သည် လူသတ်အကြမ်းဖက်သောင်းကျန်းသူများကို အသင့် အနေထားဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ပြီး ၎င်းပူးပေါင်းအဖွဲ့တွင် ပါဝင်သော မြို့မပြည်သူ့စစ်အဖွဲ့ဝင်များက လိုက်လှန်ရှင်းလင်းတိုက်ခိုက်
ခဲ့ရာ လူသတ်အကြမ်းဖက် PDF များမှာ ထိခိုက်ဒဏ်ရာများစွာရရှိခဲ့ကြောင်း၊ ၎င်းတို့စီးနင်လာသည် CRV ကားတစ်စီးကို ပြည်သူ့စစ်အဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့ကြောင်းနှင့် လုံခြုံရေးပူးပေါင်းအဖွဲ့များ ထိခိုက်မူမရှိကြောင်းသတင်းရရှိပါတယ်။

#PAN