သထုံမြို့နယ်၊ကျုံမိန်ကျေးရွာသို့ အကြမ်းဖက်သောင်းကျန်းသူ KNU/PDF ပူးပေါင်းအဖွဲ့ အင်အား ၁၇၀ ကျော်ရောက်ရှိ တိုက်ပွဲထပ်မံဖော်ဆောင်ရန် စီမံလျှက်ရှိ

ဇွန် ၃

​      မွန်​ပြည်နယ်၊သထုံမြို့နယ်၊ကျုံမိန်ကျေးရွာ သို့ အကြမ်းဖက်သောင်းကျန်းသူ KNU/PDF ပူးပေါင်းအဖွဲ့ တပ်မဟာ(၁)၊တပ်ရင်း(၁)ရင်မှူးစောရွှေဘိုဦးစီး အင်အား ၁၇၀ ကျော်သည် ယနေ့ညနေ ၆ နာရီအချိနိခန့်တွင် ရောက်ရှိလာပြီး ၎င်းအဖွဲ့နှင့်အတူ ကွန်မန်ဒို ၂၀ ဦး ကျုံမိန်ကျေးရွာဘုန်းကြီးကျောင်းအနီး ဘေးတွဲမောင်း ကျော်နိုင်နေအိမ်၌ စုနေကြကြောင်း သတင်းရရှိပါသည်။

    ဇွန်လ ၁ ရက်နေ့က လူသတ်အကြမ်းဖက်သောင်း ကျန်းသူ KNU /PDF ပူးပေါင်းအင်အား ၂၀၀ ခန့်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီး ဒုံသမိတံတားရှိ လုံခြုံရေးအဖွဲ့ကို လက်နက်ကြီး/ငယ်များနှင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲထပ်မံဖော်ဆောင်ရန် စီမံလျှက်ရှိကြောင်း၊ သထုံတပ်နယ်ရှိ ခလရ (၂၄)၊ ခမရ(၂၀၆)၊အမတ(၄၀၂)တို့ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်နိုင်ကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။

#PAN