ညောင်ဦးမြို့နယ်တွင် ဖုန်းအားသွင်းရာမှ အပူလွန်ပေါက်ကွဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဇွန် ၂

     ယနေ့ နံနက် ၁၁ နာရီ ၅၂ မီးနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်၊ကုန်းတန်းကြီးကျေးရွာအုပ်စု၊ဘူတာရပ်ကွက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ ရောက်ရှိငြိမ်းသတ်မှုကြောင့် နံနက် ၁၁ နာရီ ၅၉ မီးနစ်အချိန်တွင် မီးထိန်း/မီးငြိမ်းသွားခဲ့ပါသည်။

     မီးလောင်မှုဖြစ်စဥ်မှာ ဘူတာရပ်ကွက်နေ ဒေါ်ဟန်နီကျော်၊၃၉နှစ်၊(ဘ)ဦးစိုးမင်း ပိုင်ဆိုင်သည့် မြတ်လေးမွန်စားသောက်ဆိုင် နောက်ကျောဘက်ရှိ ၁၀ပေ ပတ်လည် သွပ်မိုး၊နံကပ် ဝန်ထမ်းအိပ် ဆောင်တွင် ဖုန်းအားသွင်းရာမှ အပူလွန်ပေါက်ကွဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ၁၀ပေ ပတ်လည် အခန်း(၁) ခန်း၊၁ယောက်ထိုင် ဆိုဖာဆက်တီ ၄လုံး၊ ၃၆ လက်မ Flat TV ၁လုံးနှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဘိုးမှာ ၁,၁၅၀,၀၀၀ ကျပ်ဖြစ်ကြောင်း သတင်းရရှိပါ သည်။

#PAN