မိန့်ခွန်းများပြောဆိုမှု အပြီး အမေရိကန် သမ္မတ Joe Biden” လဲကျသွားခဲ့

*******************************

ဇွန် ၂

အမေရိကန်နိုင်ငံ အိမ်ဖြူတော်၏ ဆက်သွယ်ရေး ဒါရိုက်တာ Ben LaBolt က အမေရိကန် သမ္မတ Joe Biden သည် Coloradoပြည်နယ် အတွင်းရှိ အခမ်းအနားတစ်ခု တွင် ခြေချော်လဲ ကျခဲ့ပြီးနောက် “နေကောင်းကျန်းမာကြောင်း” ယနေ့ဇွန်လ ၂ရက်နေ့တွင် အာမခံပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇွန်လ ၁ရက်နေ့ နေ့မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံ Coloradoပြည်နယ်အတွင်းရှိ လေတပ်အကယ်ဒမီ ဘွဲ့နှင်းသဘင် ခန်းမဆောင် ကြီးတွင် အမေရိကန် သမ္မတ Joe Bidenက ၎င်း၏ မိန့်ခွန်းများ ပြောဆို အပြီးတွင် စင်ပေါ်မှာ ချော်လဲပြီး လဲကျသွား ခဲ့တာလည်းဖြစ်ပါတယ်။