နောက်တန်းကစားသမား ဒါးလော့ကို ၅ နှစ်စာချုပ်သစ် ချုပ်ဆို

မန်ယူနိုက်တက်အသင်းဟာ ပေါ်တူဂီခံစစ်ကစားသမား ဒီယိုဂိုဒါးလော့ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ်တိုးမြှင့် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။
အသက် ၂၄ နှစ်ရှိ ဒါးလော့ဟာ မန်ယူနိုက်တက်အသင်းမှာ ၂၀၂၈ ခုနှစ်အထိ ရှိနေမှာဖြစ်ပြီး နောက်ထပ်သက်တမ်းတစ်နှစ် ထပ်မံတိုးမြှင့်နိုင်မယ့် အခွင့်အရေးလည်းပါဝင်ပါသေးတယ်။
ဒါလော့ဟာ ၂၀၁၈ ခုနှစ်က ပေါ်တိုအသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး လက်ရှိအချိန်အထိ စုစုပေါင်း ပွဲ ၁၀၀ ကျော် ကစားပေးထားပါတယ်။
Photo: Man Utd