“Cape Town မြို့တွင် ယနေ့တွေ့ဆုံကြမည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ”

ဇွန် ၁

၂၀၂၃ ခုနှစ် BRICS ထွန်းသစ်စ စီးပွားရေး အဖွဲ့အစည်းကြီး၏ တွေ့ဆုံ ဆွေးနွေးပွဲ ကို ဦးဆောင်ကျင်းပသည့် တောင်အာဖရိကသည် ၎င်း၏ မြို့တော် Cape Town တွင် BRICS အဖွဲ့ဝင်၅ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိမ်ရှင်နိုင်ငံ အဖြစ် ယနေ့တွင် လက်ခံကျင်း ပသွားမှာ ဖြစ်ပါတယ်။

အဆိုပါ BRICS အစည်းအဝေးပွဲကြီးတွင် ဘရာဇီးနိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် တောင်အာဖရိကနိုင်ငံတို့မှ ထိပ်တန်း သံတမန်များ သည် နိုင်ငံတကာ ထိပ်တန်းစီးပွားရေးဆိုင်ရာ များတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေးများ အတွက် သဘော ထားအမြင်များ ဖလှယ်သွား ကြမှာလည်း ဖြစ်ပါ တယ်။

ယနေ့ကျင်းပပြုလုပ်မည့် ဝန်ကြီးများ အဆင့် ထိပ်တန်း တွေ့ဆုံဆွေးနွေးပွဲကြီးအပြီးတွင် အာဖရိက နှင့် တောင်အာဖရိကနိုင်ငံ ၁၅ နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများကို ဖိတ်ကြားထားသည့် လာမည့် ဇွန် ၂ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် BRICS အဖွဲ့အစည်းကြီး၏ မိတ်ဆွေများ တိုးချဲ့နိုင်ရေး အစည်းအဝေးပွဲကြီးကိုဆက်လက်ကျင်းပသွားကြမှာလည်းဖြစ်ပါတယ်။

အာဂျင်တီးနားနိုင်ငံ၊ အီရန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ တူရကီနိုင်ငံ၊ ဆော်ဒီအာရေးဗီးယားနိုင်ငံ နှင့် အီဂျစ်နိုင်ငံ တို့အပါအဝင် အခြားနိုင်ငံအများ အပြားသည် BRICS တွင် ပါဝင်ရန် စိတ်ဝင်စား ကြောင်း ပြောဆိုနေကြပါတယ်လို့လည်း သတင်းဌာန များကဖော်ပြပြောဆိုထားပါတယ်။