“မော်စကိုတွင် သမ္မတ Putin နှင့် ယနေ့ တွေ့ဆုံမှုများပြုလုပ်မိ Eritreaနိုင်ငံ၏ သမ္မတ”

မေလ ၃၁

ယနေ့မေလ ၃၁ ရက်နေ့တွင် ရုရှားနိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်နေသော အီရီထရီးယားနိုင်ငံ၏သမ္မတ Isaias Afwerki နှင့် ရုရှားသမ္မတ Vladimir Putin တို့သည် ရုရှား-အီရီထရီးယား နှစ်နိုင်ငံ ဆက်ဆံရေး နယ်ပယ်စုံ မှ ဖွံ့ဖြိုးတိုးတက်လာမည့် အလားအလာ များကို ဆွေးနွေးသွားကြရန် စီစဉ်ထားကြောင်း kremlin (ရုရှား) မှ ပြောရေးဆိုခွင့် ရှိသူက ပြောဆ်ိုခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း ရုရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နှင့် အီရီထရီးယား နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Eritrea Osman Saleh တို့က ရုရှား-အီရီထရီးယား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့ခြင်း နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြို ဆိုခဲ့ကြ ပါတယ်လို့လည်း သတင်းဌာနများမှ ဖော်ပြပြောဆို နေကြပါတယ်။