“လုယက်မှုများကြားတွင် လည်ပတ်နိုင်ရန် ကြိုးစား ရုန်းကန်နေရသည့် အမေရိကန်စတိုးဆိုင်များ”

မေလ ၃၁

အမေရိကန်နိုင်ငံအတွင်းရှိ စတိုးဆိုင်အများစုသည် လုယက်မှုများကြားတွင် လည်ပတ်နိုင်ရန် ကြိုးစား ရုန်းကန်နေကြရပါတယ်လို့ Fox News သတင်းဌာနမှ ယနေ့ မေလ ၃၁ ရက်နေ့တွင် ဖော်ပြ ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံ အတွင်းရှိ စူပါမားကတ်ပေါင်း ၁၆၅ ခုကို လည်ပတ်နေရသည့် Giant Foodကုမ္ပဏီကြီး သည် ၎င်း တို့၏ စတိုးဆိုင်များတွင် ခိုးယူမှုများကို တိုက်ဖျက်နိုင်ရန်နှင့် စတိုးဆိုင်များ လုံခြုံမှုရှိစေရန် လုပ်ဆောင်နေကြပါပြီ။ အဆိုပါ လုံခြုံရေး အစီအစဥ် များတွင် စတိုးဆိုင်များသို့ ၀င်ခွင့်ကန့် သတ်ခြင်း၊ လုံခြုံရေးအစောင့်များစွာ ငှားရမ်းခြင်း၊ဝန်ဆောင်မှု ကောင်တာများတွင် ပစ္စည်းအရေအတွက် ကန့်သတ် ခြင်းတို့ ပါဝင်ပါတယ်။

Giant Food ကုမ္ပဏီ၏ဥက္ကဋ္ဌက လွန်ခဲ့သည့်၅ နှစ်ကအခြေအနေနဲ့ နှိုင်းယှဥ်လိုက်မယ်ဆိုရင် စတိုး ဆိုင်များ အတွင်း ခိုးယူမှုများ နှင့် အကြမ်းဖက်မှု များ ၁၀ဆ ထိတိုးပွားလာနေတာကို တွေ့မြင်ရ ကြောင်း ပြောကြား ခဲ့တာလည်းဖြစ်ပါတယ်။

“နောက်ဆုံးအဆင့်ကတော့ ဆိုင်တွေကိုပိတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စတိုးဆိုင်တွေက်ို ဘေးကင်း လုံခြုံပြီး အကျိုးအမြတ်ရအောင် စီမံခန့်ခွဲ နိုင်ဖို့ ကလည်း လိုအပ်ပါသေးတယ်” လို့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါတယ်။